Local News

ကချင်ပြည်နယ်၏ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၅ ရက်မှ ၁၁ ရက် အတွင်း မြန်မာ-တရုတ် နှစ်နိုင်ငံကုန်သွယ်မှုအခြေအနေ

Last Updated:

ကချင်ပြည်နယ်တွင် လွယ်ဂျယ်နှင့် ကန်ပိုက်တည်နယ်စပ်ကုန်သွယ်ရေးစခန်းများမှ မြန်မာ-တရုတ် နှစ်နိုင်ငံကုန်သွယ်မှုများရှိခဲ့ရာ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၅ ရက်မှ ၁၁ ရက်နေ့များအတွင်း တင်ပို့ခဲ့သည့် ကုန်ပစ္စည်းများမှာ တစ်သျှူးငှက်ပျော၊ ရော်ဘာ၊ ဆန်၊  ပိုးလုံးအိမ်၊ မြေပဲကျား(အခွံပါ)၊ ကြိမ်နှင့် ဆန်ကွဲများ တင်ပို့ခဲ့ကြောင်းသိရှိရပါသည်။

လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ တရုတ်နိုင်ငံသို့ တင်ပို့ကုန်၏ငွေပမာဏသည် ၁၁၈၄၉၉၀ ဒဿမ ၂၄  ကန်ဒေါ်လာ ဖြစ်ပြီး၊ ကန်ပိုက်တည်နယ်စပ်ကုန်သွယ်‌ရေးစခန်းမှ တရုတ်နိုင်ငံသို့ တင်ပို့ကုန်၏‌ငွေပမာဏမှာ ၁၅၇၅၀၀၀ ဒေါ်လာဖြစ်၍ တင်ပို့ကုန်၏ငွေပမာဏ စုစုပေါင်းတန်ဖိုးမှာ ၂၇၅၉၉၉၀ ဒဿမ ၂၄ ကန်ဒေါ်လာ တင်ပို့မှုရှိခဲ့ပါသည်။

သွင်းကုန်ပစ္စည်းများမှာ  ပလပ်စတစ်ကုန်ကြမ်းပစ္စည်းများ၊ ဆေးဝါးပစ္စည်းများ၊ အပ်ချည်ကြိုးများ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ ဓါတ်မြေဩဇာများ၊ သံနှင့် သံမဏိဆောက်လုပ်ရေးပစ္စည်းများ၊ ဓါတုဗေဒချည်ခင်များ၊ ဓါတုဗေဒပစ္စည်းများ၊ သံပိုက်၊  မြက်ခင်းတုနှင့် အခြားပစ္စည်းများ တင်သွင်းမှုရှိခဲ့ပါသည်။ ကန်ပိုက်တည်နယ်စပ်ကုန်သွယ်ရေးစခန်းမှ မြန်မာနိုင်ငံသို့ အမှန်တင်သွင်းကုန်၏ငွေပမာဏမှာ ကန်ဒေါ်လာ ၁၉၉၀၄၅ တင်သွင်းမှုရှိခဲ့ပြီး၊ လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ မြန်မာနိုင်ငံသို့ အမှန်တင်သွင်းကုန်၏ငွေပမာဏမှာ ကန်ဒေါ်လာ ၂၃၄၇၃၃ ဒဿမ ၆၃ ဖြစ်၍ တင်သွင်းကုန်၏စုစုပေါင်း ငွေပမာဏတန်ဖိုးမှာ ကန်ဒေါ်လာ ၄၃၃၇၇၈ ဒဿမ ၆၃  တင်သွင်းမှုရှိခဲ့ပါသည်။

မြန်မာကျပ်ငွေနှင့် တရုတ်ယွမ်ငွေလဲနှုန်းမှာ မြန်မာငွေကျပ် ၁၀၀ လျှင် တရုတ်ယွမ် သုည ဒဿမ ၃၃၅ ယွမ်ဖြစ်ပြီး၊ ၁ ယွမ်လျှင် မြန်မာကျပ်ငွေ ၂၉၈ ဒဿမ ၅၀ ကျပ်ရှိကြောင်းသိရှိရပါသည်။

 

မနောမြေကုန်သွယ်မှုဗဟိုဌာန

 

Category: Local News